Manage Page Element
မိမိရဲ့ Blog မှာ ထည့်သွင်းထားသည့် Page Element တွေထဲက ဘယ်ဟာတွေကိုတော့ အပေါ်ကထားမယ်။ ဘယ် Element တွေကိုတော့ အောက်မှာထားမယ် အစရှိသဖြင့် လိုသလို နေရာချ လို့ရပါတယ်။
“ဥပမာ-ကဗျာရေးလေ့ရှိပါသလား” လို့ အမည်ပေးထားသည့် “Poll Element” ကို အပေါ်ဆုံးမှာ ထားလိုတယ်ဆိုပါစို့။ Mouse Pointer ကို ထို Poll Element ပေါ်ရွှေ့လိုက်ပါ။ Cursor သည် Drag ဆိုတဲ့ ဖိဆွဲလို့ရတဲ့ မြှားပုံလေးထောင့်လေး ပြောင်းသွားပါမည်။
အဲဒီအချိန်မှာ Mouse ဖြင့် Drag ဆွဲပြီး လိုသည့်နေရာရောက်လျှင် လွှတ်လိုက်ပါ။ ဒါဆိုရင် ၄င်း Element သည် အပေါ်သို့ ရောက်သွားပါမည်။ စိတ်တိုင်းကျ ရွှေ့ပြီးးလျှင် Save တွင် Click နှိပ်ရန်မမေ့ပါနှင့်။
Edit (or) Delete Page Element
မိမိထည့်သွင်းထားခဲ့သည့် Page Element တွေထဲက အချို့ကို ပြန်လည်ပြင်ဆင်ခြင်းသို့တည်းမဟုတ် မလိုအပ်တော့၍ ဖျက်ထုတ်ခြင်းများကို လိုအပ်သလို လုပ်ဆောင်နိုင်ကြပါတယ်။ ပြန်လည် ပြင်ဆင်တည်းဖြတ်လိုသော Page Element ၏ Edit ပေါ်တွင် Click တစ်ချက်နှိပ်လိုက်ပါ။ Configure Window ပြန်ပွင့်လာပါလိမ့်မယ်။ ပြင်ဆင်လိုသည့် စာသားမျာကို ပြင်ဆင်နိုင်ပါပြီ။ အကယ်၍ များလုံးဝဖျက်ထုတ်လိုပါက Remove Page Element တွင် နှိပ်ပြီး ဖျက်ထုတ်နိုင်ကြပါတယ်။
Edit Header
Header ဆိုတာဟာ Blog title နှင့် Description အဖြစ်ထည့်သွင်းထားသော စာသားများရှိရာ နေရာ ဖြစ်သည်။ Header ရှိ Edit တွင် Click နှိပ်လိုက်ပါ။ Configuration Window ပွင့်လာပါမည်။
၎င်း Window ထဲတွင် Blog title နှင့် Description တို့ကို တွေ့ရပါမယ်။ ပြင်လိုက ပြင်နိုင်ပါတယ်။ ဒီနေရာမှာ Header ကို ထူးခြားအောင် လုပ်လို့ရတာက နောက်ခံနေရာမှာ မိမိနှစ်သက်ရာ ပုံကို ပြောင်း ထည့်ထားနိုင်ခြင်းဖြစ်ပါတယ်။
Browse တွင် Click နှိပ်ပြီး Header နောက်ခံထားလိုသည့် ပုံဖိုင်လ်ကို ရွေးပေးပါ။ စိတ်တိုင်းကျပြီဆိုရင် Save Changes တွင် Click နှိပ်ပြီး သိမ်းဆည်းလိုက်ပါ။
ဒါဆိုရင် Blog ကို ပြန်ကြည့်ပါက Header နေရာမှာ ရှေ့ကလို နောက်ခံပလိတ် မဟုတ်တော့ပဲ မိမိရွေးချယ်ထည့်သွင်းခဲ့တဲ့ ပုံနောက်ခံ ဖြစ်သွားပါလိမ့်မယ်။

Blogger ဖြင့် Blog ရေးရန်ဘာတွေလိုမလဲ
ပုံမှန်အားဖြင့် Blog ရေးချင်တဲ့
Website မှာ Register အရင်လုပ်ရတယ်။ ပြီးမှစရေးလို့ရတယ်။ ဆိုရရင် Multiply
မှာရေးချင်ရင် www.multiply.com ကို သွား၊ ထုံးစံအတိုင်း Email လိပ်စာပေးပြီး Registe လုပ်၊
ပြီးရင် စရေးလို့ရပြီ Blogger မှာလည်း ယေဘုယျအားဖြင့် ထိုနည်းအတိုင်းပါပဲ။
သို့သော် မိမိမှာ Gmail Account တစ်ခုရှိရမယ်ဆိုရင်တော့ Blogger မှာ Register လုပ်စရာမလိုပဲ တန်းရေးလို့ရတယ်။ သဘောက Blogger သည် Google ကပေးတဲ့ Service Gmail သည်လည်း Google ကပေးတဲ့ Service ဖြစ်သည့်အတွက် Gmail Account ရှိသူတိုင်းကို Google မှာ Register လုပ်ပြီးသားလို့ ယူဆပါသည်။ သည်အတွက်ထပ်မံ၍ Register လုပ်ရန်မလိုပါ။ www.blogger.com သို့သွားပြီး ၀င်ရောက်ရေါ်သားကြရုံ ဖြစ်ပါတယ်။

နောက်တစ်ခုလိုအပ်ချက်ကတော့ Font
ဖြစ်ပါတယ်။ Blog ကို မြန်မာလိုရေးချင်သူတွေအနေနှင့် မိမိသုံးသည့် စက်ထဲမှာ
မြန်မာယူနီကုဒ် တစ်ခုခုကို ထည့်သွင်း Install လုပ်ထားဖို့လိုပါတယ်။ သို့မှသာ Blog
ကို မြန်မာလိုရေးသား ဖတ်နိုင်ကြမှာ ဖြစ်ပါတယ်။ ယနေ့ Blog တွေကို မြန်မာလို
ရေးတဲ့နေရာမှာ အသုံးအများဆုံး မြန်မာ Unicode Font က Zaw Gyi ပါလို့
ပြောလို့ရပါတယ်။ သူ့ကို အခကြေးငွေပေးစရာ မလိုပဲ Free Download
ရယူအသုံးပြုနိုင်ခြင်း၊ Install လုပ်ရလွယ်ကူခြင်း၊ “Ctrl+Shift” Key တွဲလေး
နှိပ်ရုံဖြင့် မြန်မာနှင့် အင်္ဂလိပ်ကို အလွယ်တကူကူးပြောင်း စာစီနိုင်ခြင်းများ
အပါအ၀င် အခြားအားသာချက်များစွာရှိပါသည်။ သည့်အတွက် မြန်မာလိုများ စိတ်ကူးရှိရင်
ဇော်ဂျီးကို စမ်းသုံးကြည့်ပါလို့ အကြံပေးလိုက်ပါရစေ။
Zaw Gyi Unicode Installer ကို http://www.Alpha.com
.mm/blogday/index.html မှာသွားရောက် Download ရယူနိုင်ပါတယ်။
Download Now တွင် ဆွဲယူခဲ့သေသာ
Installer File ပေါ်တွင် Double Click နှိပ်ဖွင့်ပြီး ပေါ်လာသော
ညွှန့်ကြားချက်များအတိုင်း လိုက်လုပ်ပါ။ Install လုပ်သွားလိုက်ပါ။
Install ပြီးသွားရင် Task bar ပေးတွင်
Language bar ပေါ်လာပါမည်။ ၄င်း Language bar ထဲတွင် English ဟုပေါ်နေချိန်တွင်
စာရိုက်မည်ဆိုပါက အင်္ဂလိပ်လိုစာစီစာရိုက်ခြင်း ဖြစ်ပါတယ်။
မြန်မာလိုရိုက်လိုလျှင် Keyboard မှ
“Ctrl+Shift” ကို တွဲနှိပ်လိုက်ပါ။ ဒါဆိုရင် Language tools ထဲမှာAlpha Zaw Gyi ဟု
ပြောင်းသွားပါမည်။ ယခုချိန် စာရိုက်မည်ဆိုပါက မြန်မာလို စာရိုက်ခြင်း ဖြစ်ပါတယ်။
ဤနည်းဖြင့် “Ctrl+Shift” တွဲနှိပ်၍ မြန်မာမှ အင်္ဂလိပ်မှ မြန်မာ အပြန်အလှန် ပြောင်းလဲ စာစီနိုင်ကြပါတယ်။
Anatomy of a Blog(Blog တို့၏ အစိတ်အပိုင်းများ)
Blog title and Description
Blog title ဆိုတာက
စာအုပ်အမည်တို့နှင့် သဘောတရားချင်း ဆင်တူတယ်။ စာအုပ်နာမည်ကို ကြည့်ခြင်းအားဖြင့်
ဒီစာအုပ်သည် တက်ကျမ်းလား၊ ဟာသလား၊ ဘ၀သရုပ်ဖော်လား ဆိုတာကို အလွယ်တကူ
ခွဲခြားသိနိုင်ကြပါတယ်။ ဒီအတိုင်းပါဘဲ Blog title နှင့် Description ကို
ကြည့်ခြင်းအားဖြင့် သတင်းအဖြစ်အပျက်တွေကို ဦးစားပေးတဲ့ Blog လား၊ ရသစာတမ်းတွေကို
ဦးစားပေးတဲ့ Blog လားဆိုတာကို ၀င်ရောက်ဖတ်ရူသူများအား သိစေနိုင်ရန်ဖြစ်ပါတယ်။
Post
Blog ရဲ့ အသက်သည် Post များဖြစ်ပါတယ်။
Blog ထဲမှာ အကြောင်းအရာတစ်ခုခုကို ရေးပြီးတင်သမျှကို Post လို့ ဖော်ပြပါတယ်။ သဘောက
အကြာင်းအရာတစ်ခုခုကို ရေးတင်တိုင်း Blog ထဲမှာ Post တစ်ခုတိုးပါတယ်။ Blog တစ်ခုမှာ
Post အရောအတွက် ဘယ်လောက်ပဲ ရှိရမယ်ဆိုတဲ့ ကန့်သတ်ချက်တွေ မရှိပါဘူး။ ရေးတင်တဲ့
အကြိမ်များရင်များနိုင်သလောက် Post အရေအတွက်များပါလမ့်မယ်။
Comments
Blog ဖတ်သူတွေအနေနှင့် Post တွင်ပါ
အကြောင်းအရာနှင့် ပတ်သတ်ပြီး ဝေဖန် ဆွေးနွေးခြင်း၊ သိလိုသမျှ
ထပ်ဆင့်မေးမြန်းခြင်းများကို ဒီနေရာကနေတဆင့်သွားပြီး ၀င်ရောက်ရေးသားနိုင်ကြပါတယ်။
အချို့ Blog တွေမှာ Annonymous User အနေနှင့် မည်သူမဆို ၀င်ရောက်ရေးသားနိုင်ကြပေမယ့်
အချို့မှာတော့ Register လုပ်ပြီးမှ ၀င်ရောက် ရေးသားခွင့် ရှိပါတယ်။
Page Elements
Page Element တွေဆိုတာက Webpage
တို့ရဲ့ အဆင်တန်ဆာများပဲ ဖြစ်ပါတယ်။ ၄င်းတို့ကို ညီညွှတ်မျှတအောင်
ပေါင်းစပ်ထည့်သွင်းခြင်းအားဖြင့် မိမိ Blog စာမျက်နှာမှာ ပိုမိုနှစ်သက်ဖွယ်
ဖြစ်စေပါလိမ့်မယ်။ စာမျက်နှာတွင်ကြည့်ပါ။
Online Blogging Tools
အင်တာနက်ပေါ်မှာ Online blogging tools
လို့ခေါ်တဲ့ Blog ၀င်ရောက်ရေးသားနိုင်သော Website တွေများစွာရှိပါတယ်။ အနည်းငယ်
ထုတ်နှုတ်ပြရရင် Blogger၊ Blog City၊ Word press၊ Yahoo 360၊ MSN space၊ Six apart၊
Expression engine၊ Love journal၊ Type pad တို့အစရှိသဖြင့်ပေါ့။ အဲဒီအထဲကမှ Tools
ကတော့ ပိုကောင်းပါတယ် ဆိုတာမျိုးပြောဖို့ရန် ခက်ခဲပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ Tools
တော်တော်များများသည် Blog တစ်ခုဖန်တီးဖို့ရန် အခြေခံ လိုအပ်ချက်တွေဖြစ်တဲ့ Post
တင်ခြင်း၊ ဓာတ်ပုံဗီဒီယိ၊ သီချင်းခွေတွေကို တင်ခြင်း၊ မိမိ Blog ၏ ဒီဇိုင်းကို
နှစ်သက်သလို ရွေးချယ်နိုင်ခြင်း၊ Comment ရေးခြင်း၊ အစရှိသည့် လုပ်ငန်းစဉ်များကို
အလွယ်တကူ လုပ်ဆောင်နိုင်စေပါတယ်။ တနည်းဆိုရရင် အခြေခံလိုအပ်ချက်တွေကို အလွယ်တကူ
အသုံးးပြုနိုင်အောင် တည်ဆောက်ထားကြပါတယ်။
ဒီတင်ပြချက်ကတော့ Online tools
တစ်ခုဖြစ်တဲ့ Google ၏ Blogger ဖြင့် Blog ရေးပုံများကို
ဖော်ပြသွားခြင်းဖြစ်ပါတယ်။ Blogger ကို ရွေးချယ်ရခြင်းက အင်တာနက်ပေါ်မှ
လူသုံးအများဆုံး Online tools တစ်ခု ဖြစ်ခြင်းကလည်းတစ်ကြောင်း အပါအ၀င်ဖြစ်ပါတယ်။
ဒါ့အပြင် Google မှပေးသော Service တစ်ခုဖြစ်သည့် အတွက် Google ၏ ဟန်ပန်အတိုင်းပင်
အမြင်ရိုးရှင်းပြီး အသုံးပြုရလွယ်ကူ စေခြင်း အခမဲ့ အသုံးပြုနိုင်ခြင်း၊
ယနေ့ခေတ်ပေါ် Browser(IE Mozilla) တို့နှင့် ကောင်းစွာ အလုပ်လုပ် နိုင်ခြင်း
အစရှိသော အားသာချက်များကြောင့်လည်း ရွေးချယ်တင်ပြလိုက်ရခြင်ဖြစ်ပါတယ်။
ယခုဖော်ပြခဲ့တဲ့ Blog ရေးသားပုံ
အဆင့်ဆင့်တို့ကို လိုက်ပါလုပ်ဆောင်နိုင်ကြပြီဆိုရင်တော့ ကိုယ်ပိုင် Blog
ကောင်းကောင်းလေးတစ်ခု ဖန်တီးတည်ဆောက်နိုင်ကြပါပြီဖြစ်ပါလိမ့်မယ်။ သို့သော် Blog
ဖန်တီးရေးသားမှု နယ်ပယ်သည် ကျယ်ပြန့်သည် အလျောက် ယခုလောက်သိခဲ့ကြပြီရုံဖြင့်
ပြည့်စုံလုံလောက်ပြီလို့ မဆိုနိုင်သေးပါဘူး။ ဒါတွေက အရေးကြီးတဲ့
အခြေခံလိုအပ်ချက်တွေသာ ဖြစ်ပါ တယ်။
အရေးကြီးတာက ဒီအခြေခံအချက်တွေကို ကျွမ်းကျင်ခဲ့မှသာလျှင် ရှေ့တဆင့် တက်လှမ်းလေ့လာလို့ရမယ်။ အခြားသူတို့၏ Blog များ ဖန်တီးရေးသားပုံတွေကို နမှုနာလေ့လာနိုင်ကြ မယ်ဆိုတာကိုတော့ သဘောပေါက်ထားဖို့လိုပါလိမ့်မယ်။
Address ဘားမှာ လိုဂိုလေးတွေထည့်မယ်
ကျွန်တော် တို့
ဘလော့ဂ်တစ်ခုကိုဝင်လိုက်ပြီဆိုရင် ဘရောက်ဇာရဲ့ ထိပ်မှာရှိတဲ့ လိပ်စာ ဘားမှာ
ဘလော်ဂါကွန် ရဲ့လိုဂိုလေး ကိုဒီလို
တွေ့ရမှာ ဖြစ်ပါတယ်...။
ကဲ ဒီနေရာလေး ကို ကိုယ်ပိုင်လိုဂိုလေး အဖြစ်ပြောင်းချင်သူ များအတွက် ဘယ်လိုလုပ်ရမလဲဆိုတာ လေး ဝေမျှပေးချင်ပါတယ်သိပြီးသူများ သိပြီးဖြစ်ကောင်းဖြစ်နေမှာ ဖြစ်ပေမယ့် မသိသေးသူများ လုပ်ရမှာ ခက်ခဲနေသူများ အတွက် ရည်ရွယ်ပြီး ဝေမျှလိုက်တာပါ...။
လုပ်ပုံလုပ်နည်းကတော့ အလွန်လွယ်ကူပါတယ် ကဲစလိုက်ကြရအောင်...
ပထမဦးဆုံး ဘလော့ဂ် ရဲ့ Layout ကိုဝင်လိုက်ပါ..
ပြီးရင်တော့ Edit HTML ထဲကိုထပ်ဝင်လိုက်ပါ...
အဲဒီမှာ ကုဒ်တွေထဲက
ဆိုတဲ့ကုဒ်လေးရဲ့ နောက်မှာဒီကုဒ်ကိုထည့်လိုက်ပါ...

http://www.fos.su.se/~arnold/travel/asia2001/myanmar_flag.gif'
rel='shortcut icon'/>
ဒီကုဒ်မှာထည့်ထားတဲ့ လိုဂိုလေး ရဲ့လိပ်စာ အတိုင်းထည့်လိုက် ရင်တော့ ကျွန်တော့် လိုဂိုပုံစံလေး ဖြစ်တဲ့ မြန်မာ နိုင်ငံအလံလေး ဟာ လိပ်စာ ဘားမှာ တလူလူ လွင့်နေမှာ ဖြစ်ပါတယ် ..
မိမိတို့နှစ်သက်သလို လိုဂိုလေးများ ပုံလေးများ လုပ်ပြီး ဝဘ်ဆိုက် တစ်ခုခုမှာ upload လုပ်ပြီး ရလာတဲ့ url လိပ်စာကို အပြာရောင်ပြထားတဲ့ နေရာမှာ အစားသွင်းလိုက်ခြင်းဖြင့် မိမိ တို့ကိုယ်ပိုင်လိုဂိုလေးများ ဖန်တီးနိုင်ကြပါစေ..
မီးပြတိုက် မှ ကော်ပီယူထားပါတယ်
0 comments:
Post a Comment