Tuesday, January 20, 2015

Step5 (4)



အခြား Blog များနှင့် ချိတ်ဆက်ခြင်း (Add Link)

Link ဆိုတာက Webpage တခုကနေအခြား Webpage တခုခုဆီသို့ ကူးပြောင်းသွားနိုင်တဲ့ နေရာတွေ ဖြစ်ပါတယ်။ Link ဟုတ်မဟုတ်ဆိုတာကို အလွယ်တကူ ခွဲခြားသွားနိုင်တဲ့နည်းကတော့ Mouse Pointer ဖြင့်လိုက်ထောက်ကြည့်ပါ။ ပုံပဲဖြစ်ဖြစ်၊ စသားတွေပဲဖြစ်ဖြစ် မြှားပုံကနေ၊ လက်ပုံပြောင်းတာမှန်သမျှ သည် Link များပဲဖြစ်ပါတယ်။ လက်ပုံပေါ်လာတဲ့အချိန်မှာ Click နှိပ်ရင် လက်ရှိမြင်နေရတဲ့ Page ကနေ ချိတ်ဆက်ထားတဲ့ အခြား Page တစ်ခုသို့ ကူးပြောင်းသွားပါလိမ့်မယ်။

Blog ထဲမှာ မိမိရေးချင်ရာအပြင်အခြား Blog များ(သို့) Website များဆီသို့ ချိတ်ဆက်ထားတဲ့ Link တွေလည်း ထည့်ထားနိုင်ပါတယ်။ Link တွေကို ရည်ရွယ်ချက်အမျိုးမျိုးနှင့် ထည့်ကြတယ်။ အချို့က မိမိတင်သည့် Post နှင့် အကြောင်းအရာချင်းဆက်စပ်မှုရှိတဲ့ Post တွင်းပါ အကြောင်းအရာတွေကို ပိုမို အားကောင်းအောင် အထောက်အကူပေးနိုင်သော အခြားသူတဦးဦး၏ Blog (သို့) Webpage တစ်ခုခုကို Link လုပ်ထားလေ့ရှိပါတယ်။



အချို့ကျပြန်တော့လည်း မိတ်ဆွေအချင်းချင်း (သို့) ဦးတည်ချက်ခြင်းတူတဲ့ Blog တွေအချင်းချင်း အပြန်အလှန် Link များထည့်သွင်းခြင်းဖြင့် အုပ်စုဖွဲ့ ထားလေ့ရှိပါတယ်။ မိမိတို့အုပ်စုထဲက Blog တစ်ခုခုပေါက်သွားရင် တနည်းဆိုရရင် လူကြိုက်များလာပြီဆိုရင် အဲ့ဒီ Blog ထဲမှာ ညွှန်ပြချိတ်ဆက်ထားတဲ့ အခြား Blog တွေပါ လူကြည့်ပိုများလာမယ်ပေါ့။

1. ပထမဦးစွာ မိမိ Link လုပ်လိုသော Blog (သို့) Webpage ကို ဖွင့်လိုက်ပါ။ ပွင့်လာပြီဆိုရင် ၄င်း Page ၏ URL လို့ခေါ်တဲ့ လိပ်စာကို Copy လုပ်လိုက်ပါ။
2. (Posting/Compose) Text area ထဲမှ Link လုပ်လိုသော စာသားများကို Mouse ဖြင့် Drag ဆွဲပြီး Select လုပ်ပါ။ စာသားများအပြာရောင် High light ဖြစ်လာပါမည်။ Select လုပ်ပြီးပြီဆို၇င် Tool bar ထဲမှ Add link ပေါ်တွင် Click တစ်ချက်နှိပ်လိုက်ပါ။
3. ကျလာမည့် Box ထဲရှိ URL နေရာတွင် Paste လုပ်လိုက်ပါ။ ရှေ့မိမိ Copy ယူထားခဲ့သည့် URL ပေါ်လာပါမည်။ Copy/Paste မလုပ်လိုလျှင် ဒီနေရာမှာ ကိုယ်တိုင် ရိုက်ထည့်နိုင်ပါတယ်။ Typing အမှားမဖြစ်အောင်တော့ အထူးဂရုပြုရပါလိမ့်မယ်။
4. Ok button တွင် Click နှိပ်လိုက်ပါက Select မှတ်ထားခဲ့သော စာသားများကို အပြာရောင် အောက်ခံလိုင်းဖြင့် မြင်ရပါမယ်။ သဘောက Link ဖြစ်သွားပြီဆိုတာကို ပြပါတယ်။ အဆင်သင့်ဖြစ်ပြီဆိုရင် Publish post တွင် Click နှိပ်ပြီး မိမိရဲ့ Post ကိုတင်လိုက်ပါ။ 5. Blog ထဲတွင် Post တက်လာတဲ့အခါ Link ပေါ်တွင် Click နှိပ်ပါက ချိတ်ဆက်ထားခဲ့သော Blog (သို့) Webpage ကိုမြင်ကြရပါမယ်။ 6. ထို Link ပေါ်တွင် Click နှိပ်ပါက ချိတ်ဆက်ထားသော name.blogspot.com ကိုမြင်ရပါမယ်။


Comments

ပုံမှတ်အားဖြင့်ဆိုရင် Post တစ်ခုချင်းစီရဲ့အောက်မှာ Comment ဆိုတဲ့ Link တစ်ခုကို တွေ့ကြရပါမယ်။ Blog တို့တွင် Comment တို့ရဲ့ အခန်းကဏ္ဍဟာ အလွန်အရေးပါလှပါတယ်။ ရေးသူနှင့် ဖတ်သူတို့ အပြန်အလှန်ထိတွေ့စေနိုင်တဲ့ နည်းလမ်းတစ်ခုလည်း ဖြစ်ပါတယ်။ သဘောက Post တွင်ပါ အကြောင်း အရာနှင့် ပတ်သတ်ပြီး ဖတ်ရူသူတို့မှ ဝေဖန်ဆွေးနွေးခြင်း၊ ဖြည့်စွက်အကြံပေးခြင်းများကို Comment မှတဆင့်ဝင် ရောက်ရေးသားနိုင်ကြပါတယ်။


Writing Comment

ပုံမှတ်အားဖြင့်ဆိုရင် Blog post တိုင်းမှာ Comment ၀င်ရေးနိုင်ကြပါတယ်။ အချို့တွေက Comment ရေးခွင့်ပိတ်ထားသည့် Post တို့မှာတော့ Comment ရေးလို့မရပါ။ အများစုမှာတော့ Google account တစ်ခုရှိရင် ၀င်ရေးနိုင်ကြပါတယ်။ ရေးပုံရေးနည်းကတော့ ရိုးရှင်း လွယ်ကူလှပါတယ်။ ရေးလိုတဲ့ Post အောက်မှာရှိသော Comment ပေါ်တွင် Click နှိပ်လိုက်ပါ။

ဒါဆိုရင် ဒီ Post နှင့်ပတ်သက်ပြီး၊ မိမိရှေ့ကရေးသားထားသော Comment များကို တန်းစီပြီးတွေ့ရပါမယ်။ ဘယ်သူတွေက ဘယ်လိုဝေဖန်ချက်ပြုထားသလဲဆိုတာကို ဖတ်ရူနိုင်ပါတယ်။ မိမိကိုယ်တိုင်လည်း Comment ၀င်ရေးချင်ရင် Leave Your Comment နေရာတွင် ရေးလိုသော စာသားများကို ရိုက်ထည့်ပါ။

ရေးပြီးပြီဆိုရင် Publish လုပ်ရပါမယ်။ User name နဲ့ Password တို့ကို ရိုက်ထည့်ပါ။ ထို့နောက် Publish Your Comment တွင့် Click နှိပ်လိုက်ပါ။ ဒါဆိုရင် Comment အရေအတွက် တခုထပ်တိုးသွားပြီး Comment List ထဲရောက်သွားပါမည်။


Stop Comments

မိမိတင်တဲ့ Post တွေမှာ Comment ရေးတာမကြိုက်ရင် Comment Link မပါအောင်ဖြုတ်ထားလို့ရပါ တယ်။ အရေးကြီးတာက Post တစ်ခုချင်းစီကို ရွေးပြီးခွင့်ပြုမယ်၊ မပြုဘူး။ လုပ်ချင်တာလား၊ ဒါမှမဟုတ် တင်သမျှ Post အားလုံးကို ရေးခွင့် မပြုချင်တာလားဆိုတာကို အရင်စဉ်းစားရမယ်။ ဒီအခြေအနေ ၂မျိုး ပေါ်မှုတည်ပြီး …..

1. Dashboard ပေါ်မှ Manage Settings တွင် Click နှိပ်ပါ။ Setting အောက်မှ Basic ထဲသို့ ရောက်သွားပါမယ်။ ဒီနေရာကို (Setting / Basic) Page လို့ ခေါ်ပါမယ်။
2. Setting အောက်မှ Comments တွင် ထပ်မံ Click နှိပ်ပါက (Setting/Comments) Page ထဲသို့ ရောက်သွားပါမယ်။

Who can Comment? နေရာတွင် ဘယ်သူတွေကိုပဲ ရေးခွင့်ပြုမယ်ဆိုတာ မျိုးကန့်သတ်နိုင်ကြပါတယ်။ Anyone ကို ရွေးမယ်ဆိုရင် Google account (Gmail) ရှိသူတွေသာ ရေးခွင့်ပြုမယ်ဆိုတာမျိုးဖြစ်ပါတယ်။

Comment Default for Posts နေရာတွင် ပုံမှန်အားဖြင့် New posts have Comments ဖြစ်ပါတယ်။ သဘောက တင်သမျှ Post တိုင်းမှာ Comment ပါပြီးသားဖြစ်ပါတယ်။ Comment မပါအောင် တခါတည်း ပိတ်ထားလိုလျှင် New Posts Do Not Have Comments ကိုရွေးရပါမယ်။

စိတ်တိုင်းကျပြင်ဆင်ခဲ့ပြီးပါက Page ၏ အောက်ခြေတွင်ရှိသော “Save Settings” တွင် Click နှိပ်လိုက်ပါ။

0 comments:

Post a Comment