မသွားပါနဲ့ ငါတားရင်လည်း
သောကသာ ဖြစ်တော့မှာပဲ
သွားတော့လေ ဆိုပြန်ရင်လည်း
ငါ့အချစ် ဆုံးရှုံးရမှာပဲ
ငါ့အနားမှာပဲ အမြဲနေဆို
မင်းထင်မယ် ပိုင်ဆိုင်ချင်တယ်လို့
မင်းသဘောအတိုင်းပေါ့ ဆိုပြန်ရင်လည်း
မင်းထင်မယ် ငါဂရုမစိုက်ဘူးလို့
ကောင်မလေးရေ.....
ငါပြောများ ပြောရဲရင်လေ
မင်းမရှိဘဲ ငါမနေတတ်ဘူးကွာ
အဲဒီလို ဆိုမိပြန်တော့လည်း
ကျိန်စာဆိုး တစ်ခုလိုပါပဲလား
ပြောပါ....
ငါမင်းကို ဘယ်လို ပြောရပါ့ `၀´လုံးလေး(အိမ်မက်ချစ်သူ)
0 comments:
Post a Comment