Friday, January 16, 2015

Start Blog Creating(Step1 to 3)



မိမိမှာ Gmail Account တစ်ခုရှိပြီး၊ မြန်မာလိုစာစီနိုင်ရန်အတွက် ZawGyi Font ကိုလည်း Install ပြီးခဲ့ပြီဆိုရင် Blog တစ်ခုကို စတင်ဖန်တီး နိုင်ကြပါပြီ။ Blog တစ်ခုတည်ဆောက်ဖို့ရန် လုပ်ဆောင်ရမည့် အဆင့်များကို ဖော်ပြပါ ခေါင်းစဉ်များဖြင့် ဖော်ပြသွားပါမယ်။

Step 1) Sign in to blogger
Step2) Display name (or) Author name
Step3) Name your blog
Step4) Choose your template
Step5) Publish your first pest

မှတ်ချက်။ ။ ထိုအဆင့်များပြီးဆုံးလျှင်
ဘလော့တစ်ခုကို ရရှိပြီ ဖြစ်ပါသည်။


Step1) Sign to Blogger

မိမိ Gmail Account တစ်ခုရှိပြီဆိုရင် Blog တစ်ခုဖန်တီးရန်အတွက် www.blogger.com မှာ Sign in တစ်ခုလုပ်ရပါမယ်။ သွားပုံက Browser program တစ်ခုဖြစ်တဲ့ IE (0r) Mozilla ၏ Address bar တွင် www.blogger.com ဟု ရိုက်ထည့်ပြီး Enter key ကိုနှိပ်ပါ။
Blogger home page ၏ အပေါ်ညာဘက်ထောင့်တွင် “ sign in area ” ၏ အပေါ်ရှိ Language တွင် English ဖြစ်ရပါမယ်။ Email Address (ဥပမာ- username@gmail.com) ၊ Password နေရာတွင် ၄င်း Email password တို့ကို ရိုက်ထည့်ပါ။ ပြီးလျှင် Keyboard မှ Enter ကိုနှိပ်ပါ (သို့) Sign in တွင် Click နှိပ်ပါ။



Step 2) Display Name (0r) Author Name

မိမိထည့်သွင်းသည့် Email နှင့် Password တို့ မှန်ကန်ပါက Signup လုပ်ဖို့ရန် တောင်းခံပါလိမ့်မည်။ Display name နေရာတွင် မိမိနှစ်သက်ရာ အမည်ကို ရိုက်ထည့်ပါ။ ဒီနေရာမှာ ထည့်သွင်းပေးလိုက်တဲ့ အမည်ကို Blog မှာတင်သမျှ Post တို့၏ အောက်ခြေတွင် ဖော်ပြမှာ ဖြစ်ပါတယ်။ သဘောက Post မှာ ရေးသူ (သို့)ကလောင်အမည်ဖြစ်ပါတယ်။ သည့်အတွက် အမည်ဝှက်နှင့် ရေးချင်ရင် မိမိအမည်ရင်း အစားအခြားအမည်ဝှက် တစ်ခုထည့်သွင်းရပါမည်။


Display name ထည့်သွင်းခဲ့ပြီးပြီဆိုရင် ရှေ့ဆက်သွားဖို့ရန်အတွက် Blogger မှ ထုတ်ပြန်သော Term of Service တွေကို လက်ခံသဘောတူရပါမယ်။ Trem of service ဘေးရှိ Check box တွင် အမှန်ဖြစ်ပေါ်အောင်
Click တချက်နှိပ်ပါ။ ပြီးလျှင် Button တွင် Click နှိပ်လိုက်ပါ။


မှတ်ချက်။ ။ ယခုထည့်ပေးခဲ့သည့် Display name အတိုင်းပင် အမြဲတမ်းသုံးရတော့မည်ဟု မစိုးရိမ်ပါနှင့်။ Blog တစ်ခု အစအဆုံးဖန်တီးပြီးသွားသည့် နောက်ပိုင်း Display name ကို အချိန်မရွေး မိမိနှစ်သက်သလို ပြောင်းလဲရေးသားနိုင်ကြပါတယ်။



Step3) Name your Blog

ဒီအဆင့်မှာ Blog title နှင့် URL လို့ခေါ်တဲ့ မိမိ Blog လိပ်စာတို့ကို သတ်မှတ်ထည့်သွင်းပေးရပါမယ်။


စာအုပ်အမည်တို့နှင့် သဘောတရားတူပါတယ်။ Blog title ကို မြင်ကြရုံဖြင့် အထဲမှာ ဘယ်လို အကြောင်းအရာတွေ ရေးသားထားမလဲဆိုတာကို မှန်းမိနိုငစေပါက ပိုကောင်းပါတယ်။ နှစ်သက်ရာ အမည်ကို Blog Title တွင် ရိုက်ထည့်ရာတွင်
Title ကို မြန်မာလို ပေးချင်ပါကလည်း ပေးနိုင်သည်။


URL (or) Blog Address

Bolg လိပ်စာကို ရွေးချယ်တဲ့နေရာမှာ မိမိ Blog ကို ဖတ်သူတို့အနေနှင့် မှတ်မိလည်းလွယ်ရမယ်။ ရိုက်လို့လည်း လွယ်ရမယ့် အမည်မျိုးဖြစ်သင့်ပါတယ်။ အများအားဖြင့် မိမိနာမည် (သို့) Blog title ကိုပင် ပြန်ပေးလေ့ရှိကြပါတယ်။ အရေးကြီးတာက လိပ်စာကို အင်္ဂလိပ်လိုသာပေးရပါမည်။ အထူးသတိပြုပါ။


မိမိရွေးချယ်ထည့်သွင်းမည့် စကားလုံးတို့၏ နောက်တွင်
blogspot.com ပါရှိမည်ဖြစ်ရာ မိမိ Bolg လိပ်စာအပြည့်အစုံ http://www.name.blogspot.com ဖြစ်ပါလိမ့်မည်။ Blog Address တစ်ခု သည် အခြားမည်သည့် Address တို့နှင့်မှ မတူညီနိုင်သည့် ကိုယ်ပိုင်လိပ်စာ ဖြစ်ကြရပါမယ်။ သည့်အတွက် မိမိအလိုရှိရာအမည်ပါ လိပ်စာအတိုင်း ရရနိုင်မရနိုင်ဆိုတာ စစ်ဆေးကြရပါမယ်။ Check Availability တွင် Click နှိပ်ပြီးစစ်ဆေးပါ။ အခြားသူတဦး လိပ်စာနှင့် တူနေပါက ပြောင်းခိုင်းပါလိမ့်မည်။


လိပ်စာတူရှိနေရင် အနီရောင် စာလုံးတွေနှင့် not available ဆိုပြီးမြင်ရပါမယ်။ ဒါ့အပြင်ယူသုံးလို့ရနိုင်တဲ့ အမည်တွေကို အကြံပြုဖော်ပြထားပါလိမ့်မယ်။ အဲ့ဒီအမည်တွေထဲက တစ်ခုခုကို Click နှိပ်ပြီး ရွေးချယ် နိုင်တယ်။ မကြိုက်ဘူးဆိုရင် စိတ်တိုင်းကျအမည်တစ်ခု ရိုက်ထည့်ပြီး Check Availibility ဖြင့် ထပ်မံစစ်ဆေးကြည့်ရမယ်။ လိပ်စာမတူ၊ လိပ်စာတူမရှိပါက “available” ဆိုတာကိုမြင်ကြရမယ်။ ရှေ့ဆက်သွားရန်အတွက် continue တွင် Click တစ်ချက်နှိပ်လိုက်ပါ။



မှတ်ချက်။ ။ Title ပဲဖြစ်ဖြစ်၊ Address ပဲဖြစ်ဖြစ် နောက်ပိုင်းမှာ ပြောင်းနိုင်ပါတယ်။ Address ပြောင်းမယ်ဆိုရင် သတိပြုရမှာက မိမိ Blog ၀င်ရောက်ဖတ်ရူ့သူတွေ မျက်ခြေပြတ်သွားနိုင်ပါတယ်။



0 comments:

Post a Comment