Monday, January 19, 2015

ချစ်ခြင်းတစ်ခု၏ ဒိုင်ယာရီ

ကောင်မလေးရေ
တကယ်တော့အချစ်ဆိုတာ
နာကျင်ခြင်းဆိုရင်တောင်
ငါက…
အဲဒီနာကျင်မှုတွေကိုပဲ
တရှိုက်မက်မက်နမ်းရှုံ့မယ့်ကောင်…
ကောင်မလေးရေ
ငါ့နှလုံးသားက
ငါ့ဘာသာရဲရင့်
ငါ့ဘာသာအားတင်းလဲ
ကျောက်သားမဟုတ်ခဲ့တော့
တစ်ခါ တစ်ခါတော့လဲဝမ်းနည်းမိသား…

ကြယ်တွေကလဲတဖွဲဖွဲကြွေကျ
ဘယ်နေရာမှာ မြေခခဲ့လဲတော့
ငါမသိဘူး…
ဒါပေမယ့်မရဲတရဲဝန်ခံခြင်းနဲ့
ကျိန်ပြောဝံ့ပါရဲ.
ငါဟာမင်းအတွက်ဆို
တောင့်တခြင်းဆိုတာကင်းတဲ့ကောင်ပါ…
ဝေေ၀၀ါးဝါးနဲ့
ဘ၀ကဒီလိုပဲဆက်သွားမှာလား
တိုးတိတ်ပေမယ့်အနှစ်အပြည့်ပါပဲ
ဒီရင်ခုန်သံတွေက တိတ်တိတ်လေး
ဆုတောင်းမိနေရဲ့
ကြားနိုင်တဲ့တစ်နေ့ကျ
ငါ့မျှော်လင့်ခြင်းလမ်းမှာ
နင့်အချစ်ပန်းတွေပွင့်ပါစေ….
စိတ်ကူးသက်သက်ထက်
မထူးတဲ့ကောင်
မှောင်နေရင်လဲအကောင်းသား
(တစ်ခါ တစ်ခါကျပြန်ရင်လဲ)
ငါ့ကိုယ်ငါ
ဘာကြောင့်လင်း…လင်း ပြမိမှန်းမသိပါဘူး…
ကဗျာပေမယ့်
ပုံပြင်တော့မဟုတ်ဘူး
ငါ့ရင်ခုန်သံတောင်ငါမပိုင်တဲ့အဖြစ်

နူးညံ့တဲ့အမိန့်တော်နောက်
တကောက်ကောက်လိုက်တဲ့စည်းချက်တွေ
ငါကိုယ်တိုင်ထိန်းဖို့ကြိုးစားရင်းနဲ့
နောက်ဆုံးတော့လဲ
နင်စေရာနောက်ရောက်ခဲ့တာပါပဲ…
ခုတော့လဲ…
ငါ့တိမ်တွေငါပြန်အနားသတ်
မျှော်လင့်ခြင်းတွေကိုလဲလက်နက်ချခဲ့တယ်…
တောင်းပန်ပါတယ်ဗျာ…
မနှောက်ယှက်ကြပါနဲ့
အချစ်မရှိတဲ့ကမ္ဘာမှာ
ကျွန်တော့်ဘာသာပဲလွမ်းတော့မယ်…။ ။

0 comments:

Post a Comment