Thursday, January 15, 2015

ပျံသန်းခြင်း မျိုးဆက်သစ်တွေအတွက် ရှင်သန်ခဲ့တဲ့ သူ



သူ လိုအပ်နေတာက သွေး

အသက်ပေးဖို့ ဝန်မလေးတဲ့ သူ

*ရည်ရွယ်ချက်က မွန်မြတ်တယ်


 သူနဲ့တွေ့ရင် ခင်များဆိုလည်း *ဖျားမှာပဲ

သူရှင်သန်ခဲ့ရတာ *အဆိပ်ငွေ့တွေထဲ


လွတ်ဖို့ သိပ်မသေချာတဲ့ *ထောင်

ရှော့ခ်တိုက်ဖို့ စီမံထားတဲ့ လျှပ်စစ်တွေကြားက -

နောက်လူတွေအတွက် အသက်စွန့်ပြီး ရောက်လာခဲ့ရှာသူ

သူ ကျွန်တော့်ဆီ ရောက်လာတဲ့အချိန်မှာ -

ကျွန်တော် မသိဟန်ဆောင်နေခဲ့ပါတယ် ...

သူ *ပြန်သွားတော့မှ ယားနေတဲ့လက်ကို ကုတ်ဖဲ့ရင်း နှုတ်ဆက်လိုက်မိတယ် ...

Congratulations ... Mosquito ... !

စိတ်မရှိပါနဲ့ -

ခင်များ အတောင်ပံ နဲ့ ကာရံကို ကျွန်တော် ခိုးချင်တယ် ..... ။       ။

0 comments:

Post a Comment