Monday, January 19, 2015

ဆယ်ကျော်သက် ဒိုင်ယာရီ

ပြတင်းပေါက်တွေဟာ အလင်းရောင်ကို ကွယ် ဖွယ်ထားစမြဲ
အမှောင် မှာ ကျင့်သားရအောင်ဘယ်လိုနေရပါ့မလဲ
စုံလုံးကန်သူတစ်ယောက်လို စမ်းတ၀ါးဝါး နေ.ညခွဲခြားမသိတော့
အဝေးက လွင့်ပျံလာတဲ့ တယောသံ ခပ်သဲ့သဲ့
သံစဉ်တူကခုန်ခဲ့တဲ့ တစ်ခါတုန်းကလရောင်ည
ယောင်ယမ်းပွတ်သပ်ကြည်.မိတော့
ဆေးသားမပြယ်တပြယ် အပိုင်းအစလေးတစ်စ
ကြေ ကွဲ မှုတွေ သာ ပြုတ် ပြုတ်  ကျ  လာ
 အာရုံတွေမှုန်ဝါးသွားစေမယ့်
မျက်ရည် တစ်ပေါက်   နှလုံးသားတစ်နေရာ
တစ်သွင်သွင် တစ်စိမ့်စိမ့်  စီး   လို.     ။           ။

ရာဖြိုး   

0 comments:

Post a Comment