ဘာလုပ်လုပ်
တစ်ယောက်တည်းမို့ လို့ ပင်ပန်းနေတယ်...
နင်ငါ့အနားရှိချိန်တွေ ပြန်လည်သတိရနေတယ်...
နင့်ရဲ့ အငွေ့ အသက်များကို ငါတမ်းတဆဲ...
ဒီမှာအိပ်ရာနိုးလည်း ငါမထသေးဘူး
အရင်လိုဖုန်းဆက်နိုးမယ့် နင့်ဖုန်းကိုစောင်
့မိဆဲ
ဒါမဖြစ်နိုင်မှန်း ငါကြိုသိထားလည်း
နင်မရှိလို့ ရှုတ်ယှက်ခက်နေတဲ့ အခန်းလေးထဲ
ငါတစ်ယောက်တည်းမဖြစ်တဲ့ဘ၀မို့  ငါရဲ့ အနား နင်ပြန်လာပါ
တစ်ယောက်တည်းမဖြစ်တဲ့ဘ၀မို့ တစ်နေ့ နေ့ တော့ နင်ပြန်လာမလား
အိမ်မက်ဆိုးများကြားထဲ အခုထက်ထိ ငါကြံရာမရ
နင်မသိဘူး လွမ်းလွန်းလို့ သေနိုင်တယ်
နင်မသိဘူး လွမ်းလွန်းလို့  သေနိုင်တယ်
နင်မသိဘူး လွမ်းလွန်းလို့ .....
နင်မရှိတော့ အရာအားလုံး အမှောင်ဖုံးသွားခဲ့
အမှန်အတိုင်းလည်း မမြင်တတ်ခဲ့ ငါအခုထိ ကန်းနေဆဲ
အတူသွားဖူးတဲ့ နေရာများရောက်ရင်
အတိတ်ကအကြောင်းများတွေးကာ ငါမျက်ရည်ဝဲ
ဒီမှာညဥ့်နက်သွားလည်း ငါမအိပ်သေးဘူး
အရင်လိုအနားမှာရှိမယ့် နင့်ကိုတမ်းတဆဲ
ဒါမဖြစ်နိုင်မှန်း ငါကြိုသိထားလည်း
နင်မရှိလို့ ရှုတ်ယှက်ခက်နေတဲ့ အခန်းငယ်လေးထဲ
နင်အရင်လို အနားနားရှိဖို့  ငါမျှော်လင့်
အတူပျော်ဖူးတဲ့နေ့ ရက်တိုင်းကို
ငါဘယ်အရာနဲ့ မှ အစားမထိုးနိုင်ပါဘူး
သံယောဇဉ်လက်ကျန်လေးကိုငဲ့လို့  နင်ငါ့အနားကို ......

0 comments:
Post a Comment