မြန်မာနိုင်ငံရဲ့ ပထမဆုံး အီလက်ထရွန်နစ် ဖုန်းငွေဖြည့်စနစ် စတင်
မိုဘိုင်းလ်ဖုန်း ငွေဖြည့်သွင်းရာမှာ ခဲခြစ်ရန်မလိုအပ်ဘဲ အီလက်ထရွန်နစ်စနစ်နဲ့ အသုံးပြုနိုင်တဲ့ ဖုန်းငွေဖြည့်စနစ်ကို ရန်ကုန်မှာ ရှိတဲ့ Orange Supermarket တွေမှာ စတင်ဝယ်ယူနိုင်ပြီလို့ အဲ့ဒီဈေးဝယ်စင်တာတွေရဲ့ Merchandising Director ဦးပြည့်ဖြိုးလတ်က ပြောပါတယ်။
ခဲခြစ်ရန်မလိုဘဲ အီလက်ထရွန်နစ်စနစ်နဲ့ ငွေဖြည့်နိုင်မယ့် Orange Top Up စနစ်အရ ဖုန်းငွေဖြည့်ရန် ဈေးဝယ်စင်တာရဲ့ အရောင်းကောင်တာမှာ ငွေရှင်းရာမှ ရရှိမယ့်ပြေစာမှာ ပါဝင်တဲ့ Pin နံပါတ်ကို ရိုက်သွင်း ငွေဖြည့်ရမှာဖြစ်တဲ့ အဲ့ဒီစနစ်ကို ပြည်တွင်းအခြေစိုက် Red Dot network နဲ့ Orange Supermarket တို့ ပူးပေါင်းထုတ်လုပ်ခဲ့တာဖြစ်တယ်လို့ ဈေးဝယ်စင်တာမှ သိရပါတယ်။
Orange ဈေးဝယ်စင်တာက အီလက်ထရွန်နစ် ဖုန်းငွေဖြည့်စနစ်ကို ပထမဆုံး စတင်လုပ်ဆောင်တာ ဖြစ်ပြီး တခြား လက်လီအရောင်းဆိုင် တွေနဲ့လည်း ပူးပေါင်းလုပ်ကိုင်သွားမှာလို့ Red Dot network ရဲ့ Chief Marketing Officer Mr.Andrew Whelan က ပြောဆိုထားပါတယ်။
အဲ့ဒီငွေဖြည့်စနစ်မှာ ဘယ်ဖုန်းအမျိုးအစားမဆို ဖြည့်သွင်းနိုင် တဲ့အပြင် RedLink အင်တာနက်အသုံးပြုသူတွေပါ ငွေဖြည့်သွင်းနိုင်မှာ ဖြစ်ပြီး အခက်အခဲပေါ်ပါက ငွေရှင်းပြေစာနဲ့ ဖုန်းငွေဖြည့်လမ်းညွှန်မှာ ပါဝင်တဲ့ ဖုန်းနံပါတ်တွေကို ဆက်သွယ်နိုင်တယ်လို့ Orange Supermarket မှ သိရပါတယ်။
Friday, January 23, 2015
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment