Add formatting
Text area ထဲမှာ ရှိနေသည့်
စာသားတွေရဲ့ စာလုံးပုံစံ Font ပြောင်းခြင်း၊ Font အရွယ်အစားပြောင်းခြင်း၊ Blod
လုပ်ခြင်း၊ အစရှိတဲ့ လုပ်ငန်းစဉ်တွေကို လုပ်ဆောင်နိုင်ရန် Compose တွင် Formatting
tools တစ်ခုပါရှိပါတယ်။
စာလုံးပုံစံ Font ပြောင်းခြင်း
ရိုက်ထည့်ထားသည့် စာသားတွေထဲက
အချို့ကို Font ပြောင်းချင်ရင် ပြောင်းချင်တဲ့ စာသားတွေကို အပြောရောင် High light
ဖြစ်အောင် Mouse ဖြင့် Drag ဆွဲပြီး Select လုပ်ပါ။ ပြီးလျှင် Font family ထဲက
down arrow တွင် Click နှိပ်ပြီး Font တစ်မျိုးကို ရွေးချယ် Click နှိပ်ပါ။
ဒါဆိုရင် မိမိ Select လုပ်ခဲ့သော စာသားတွေရဲက စာလုံးပုံစံ Font
ပြောင်းသွားပါလိမ့်မယ်။
စာလုံးအရွယ်အစားပြောင်းခြင်း
Text area ထဲမှ စာလုံး
အရွယ်အစားပြောင်းလိုသော စာသားများကို Mouse ဖြင့် High light ဖြစ်အောင် Select
လုပ်ပါ။ Font size icon ပေါ်တွင် Click နှိပ်ပြီး ကျလာမည့် List ထဲမှ နှစ်သက်ရာ
အရွယ်အစား တခုခုပေါ်တွင် Click နှိပ်ရွေးချယ်ပါ။
Bold, Italic, Text color
အချို့စာလုံးတွေကို Bold ပဲဖြစ်ဖြစ်၊ Italic ပဲဖြစ်ဖြစ်၊ Text color အရောင်ပြောင်းချင်တာပဲ ဖြစ်ဖြစ် ပထမဦးဆုံး Drag ဆွဲပြီး လုပ်ရပါမယ်။
Bold လုပ်ချင်ရင် “B” တွင် Click နှိပ်ပါ။ စာလုံးအထူများဖြင့် မြင်ရပါမယ်။
Italic လုပ်ချင်ရင် “I” တွင် Click နှိပ်ပါ။ စာလုံးစောင်းများ မြင်ရပါမယ်။
Text Color အရောင်ပြောင်းချင်ရင် Text box တွင် Click နှိပ်ပြီး နှစ်သက်ရာအရောင်ကို ရွေးချယ် Click နှိပ်လိုက်ပါ။ စာလုံးအရောင်ပြောင်းသွားပါမယ်။
Post တွင်းသို့ပုံများထည့်တင်ခြင်း ( Add Image)
တစ်ခါတစ်လေကျတော့လည်း စာသားတွေချည်းပဲ
တင်ထားတာထက်စာရင် အကြောင်းအရာနှင့် လိုက်ဖက်တဲ့ ပုံလေးတွေပါဆွဲပြီး တင်သည့် Post
တွေဟာ လူအများအား ပိုမိုဆွဲဆောင်နိုင်စေပါတယ်။ အချို့က သူတို့ဖြတ်သန်းခဲ့ရတဲ့
ကာလတွေအတွင်း စုဆောင်းထားသည့် အမှတ်တရာ ပုံတွေကို မိမိနှင့် စိတ်ချင်းနီးသူတို့
ခံစားနိုင်အောင် မျှဝေချင်သည့် ရည်ရွယ်ချက်တွေနှင့် ပုံတွေကို
မှတ်တမ်းတင်သဘောမျိုး တင်ထားပေးတတ်သည်။
Add to Picture
ပုံတွေကို ရှေ့မှာတုန်းကလို Post
ထဲမှာ မဟုတ်ပဲ Page Element (widget) တွေအဖြစ်မိမိ Blog မှာထည့်ထားလို့ရပါတယ်။
Picture နေရာရှိ Add to Blog တွင် Click နှိပ်လိုက်ပါ။ Configure Image
ပွင့်လာပါမည်။
Title နှင့် Caption တို့တွင်
နှစ်သက်သလို စာသားများ ဖြည့်သွင်းပါ။ ထို့နောက် Browse တွင် နှိပ်ပြီး တင်လိုသော
ပုံကို ရွေးချယ်ညွှန်ပြပေးလိုက်ပါ။ Image နေရာတွင် ပုံပေါ်လာပြီဆိုရင် Save Change
တွင် Click နှိပ်လိုက်ပါ။
မိမိမှာ Gmail Account တစ်ခုရှိပြီး၊
မြန်မာလိုစာစီနိုင်ရန်အတွက် ZawGyi Font ကိုလည်း Install ပြီးခဲ့ပြီဆိုရင် Blog
တစ်ခုကို စတင်ဖန်တီး နိုင်ကြပါပြီ။ Blog တစ်ခုတည်ဆောက်ဖို့ရန် လုပ်ဆောင်ရမည့်
အဆင့်များကို ဖော်ပြပါ ခေါင်းစဉ်များဖြင့် ဖော်ပြသွားပါမယ်။
Poll တို့၊ Slide Show တို့အစရှီတဲ့ Blogger ထံမှ အဆင်သင့်ယူနိုင်တဲ့ Page element တွေအပြင်အခြား Website များထံမှ Page element တွေကို ယူထားပြီးတော့လည်း မိမိ Blog page ထဲမှာ ပေါင်းစပ်ထည့်သွင်းထားနိုင်ပါသေးတယ်။ အဲဒီလို Blogger ထံမှ မဟုတ်ပဲ အခြား Website တစ်ခုခုထံမှ သီးခြားယူသုံးတဲ့ Element တွေကို Third- Party element တွေလို့ခေါ်ပါတယ်။ အခြားသူတို့ရဲ့ Blog စာမျက်နှာတွေမှာလည်း တွေ့ဖူးကောင်းတွေ့ဘူးကြပါလိမ့်မယ်။ နာရီလေးတွေ၊ ပြက္ခဒိန်လေးတွေ အစရှိသဖြင့်ပေါ့။ ဥပမာ အနေနှင့် Clock widget လေး တစ်ခုလောက်ထည့်ကြည့်လိုက်ကြရအောင်။
Third-party element တွေထည့်မယ်ဆိုရင် လုပ်ရမယ့် အပိုင်းက နှစ်ပိုင်းရှိတယ်။ ပထမအပိုင်းက မိမိ Blog ထဲထည့်ထားလိုတဲ့ အခြား Website မှ Element နှင့် ဆိုင်သော HTML tag တွေကို Copy မှ ကူးယူရမယ်။ ပြီးမှ မိမိ Blog ထဲမှာ Paste လုပ်ယူရမယ်။
နာရီပုံ HTML widget ရယူရန်အတွက် www.clocklink.com သို့သွားပါ။ ထို့နောက် Go to Gallery တွင် Click နှိပ်လိုက်ပါ။ နာရီပုံသဏ္ဍန်ဒီဇိုင်းမျိုးစုံတို့ရှီရာ Clock Gallery ထဲသို့ ရောက်သွားပါမယ်။
မှတ်ချက်။ ။ Clock link မှ မဟုတ်ပါဘူး။ အင်တာနက်ပေါ်မှ အခြေားသော Clock widget site တွေများစွာရှိပါသေးတယ်။ Google သို့သွားရောက်ပြီး Clock widget လို့ ထည်သွင်းရှာဖွေကြည့်ပါ။ ရလာတဲ့ အထဲကမှ ကိုယ်လိုအပ်ချက်နှင့် ကိုက်ညီနိုင်မည့် Link များသို့ သွားရောက်ပြီး စမ်းသပ်အသုံးပြုကြည့်ကြပါ။
မိမိနှစ်သက်ရာ နာရီပုံ တခုကိုရွေးပါ။ ရပြီဆိုရင် ထိုနာရီနှင့် သက်ဆိုင်ရာ View Html Tag ပေါ်တွင် Click နှိပ်လိုက်ပါက နာရီပုံပါ Pop-up windows တစ်ခုပွင့်လာပါမည်။
Time Zone နေရာတွင် မိမိဒေသစံတော်ချိန်ကို ရွေးပေးပါ။ ဥပမာ- မြန်မာနိုင်ငံအတွက်ဆိုလျှင် (GMT +6:30) ဖြစ်ပါတယ်။ လိုအပ်ပါက နာရီအရွယ်အစား အကြီးအသေးကို Size နေရာတွင် ရွေးချယ်ပြောင်းလဲနိုင်ပါတယ်။ (130*130)
နာရီနှင့်ပတ်သက်ပြီး စိတ်တိုင်းကျပြင်ဆင်ပြီးပြီဆိုလျှင် အပေါ်ကွက်လပ်ထဲရှိ Code များအားလုံးကို Copy ကူးယူရပါမယ်။ စာသားများကို Select မှတ်ပြီးညာဘက် Click တစ်ချက်နှိပ်လိုက်ပါ။ ကျလာမည့် Menu ထဲရှိ Copy တွင် နှိပ်ပြီး ကူးယယူလိုက် ရပါမယ်။
Post ထဲမှာ ပုံတွေထည့်ရန်အတွက်က ဘာမှမခက်ခဲပါဘူး။ Blogger မှာပုံတွေကို အလွယ်တကူ ထည့်သွင်းနိုင်တဲ့ Add Image လို့ခေါ်တဲ့ Tools တစ်ခုပါ၇ှိပြီးသား ဖြစ်ပါတယ်။ အရေးကြီးတာက ဘယ်ပုံကို တင်မှာလဲ။ မိမိကွန်ပျူတာထဲက ဘယ်နေရာ (ဥပမာ-Desktop ပေါ်မှာလား၊ My Document ထဲမှာလား) ဘယ်မှာရှိနေသလဲဆိုတာလောက်ကိုတော့ သိနှင့်ပြီးသားဖြစ်ဖို့လိုပါတယ်။
1. Compose bar ပေါ်ရှိ Formatting toolbar ထဲမှ Add image တွင် Click နှိပ်လိုက်ပါ။ Upload window တစ်ခုပွင့်လာပါမည်။
2. ပထမဦးစွာတင်ချင်သည့် ပုံကို ရွေးချယ်ညွှန်ပြပေးရပါမယ်။ Browse တွင် Click နှိပ်ပါက “File upload” box ပျောက်သွားပြီး မှုလ Upload window ရှိ Browse နေရာတွင် မိမိရွေးချယ်ခဲ့သောပုံ File အမည်ကို မြင်ကြရပါမယ်။
ယခုအဆင့်ထိသည် ပုံကို အမှန်တကယ် Upload မလုပ်ရသေးပါ။ ဘယ်ပုံတင်မလဲဆိုတာကို ရွေးချယ်ညွှန်ပြပြီးရုံရှိသေးတယ်ဆိုတာကို သတိပြုပါ။
မှတ်ချက်။ ။ တပြိုင်နက် ပုံငါးပုံအထိတင်နိုင်ပါတယ်။ အခြားပုံတွေထပ်တင်လိုပါက Add another image တွင် Click နှိပ်ပြီးထပ်မံရွေးချယ်နိုင်ကြပါတယ်။
3. နောက်တစ်ခါ ရွေးချယ်စရာက Layout နှင့် Image Size ဖြစ်ပါတယ်။ တင်ချင်တဲ့ပုံကို Right၊ Center၊ Left တို့ထဲက ဘယ်နေရာမှာ ထားချင်သလဲ။ တခုခုကို ရွေးချယ်နိုင်ပါတယ်။ ရွေးချယ်ပုံက သက်ဆိုင်ရာ Radio Button ပေါ်တွင် Click နှိပ်ရပါမယ်။ ထို့အတူ ပုံအရွယ်အစားကိုလည်း Small၊ Medium၊ Large တို့ထဲကမှ တခုခုရွေးချယ်နိုင်ပါတယ်။
အဆင်သင့်ဖြစ်ပြီဆိုရင် စတင် Upload လုပ်လို့ရပါပြီ။ Upload လုပ်ရန်အတွက် Blogger မှ ထုတ်ပြန်သော စည်းကမ်းချက်တွေပါတဲ့ ” Term of Services” ကိုလက်ခံသဘောတူရပါမယ်။ သည်အတွက် I Accept ဘေးရှိ Check Box ပေါ်တွင် အမှန်ခြစ်ပေါ်အောင် Click နှိပ်ရပါမယ်။ ပြီးလျှင် Upload တွင် Click နှိပ်လိုက်ပါ။ မိမိရွေးချယ်ခဲ့သော ပုံကိုစတင် Upload လုပ်နေပါလိမ့်မယ်။ ပုံ၏ အရွယ်အစားနှင့် Internet Connection ပေါ်မှုတည်ပြီး အချိန်အနည်းငယ်ကြာပါလိမ့်မယ်။
Upload ပြီးပြီဆိုရင် Done ဆိုတဲ့စာလုံးပေါ်လာပါလိမ့်မယ်။ Done တွင် Click နှိပ်လိုက်ပါ။ Upload Window ပျောက်သွားပြီး Text area ထဲတွင် မိမိတင်ခဲ့သောပုံ မြင်ကြပါပါမယ်။ စိတ်တိုင်းကျပြီဆိုရင် Publish post တွင် Click နှိပ်၍ Post ကိုတင်နိုင်ကြပါပြီ။
မှတ်ချက်။ ။ Publish လုပ်ခဲ့ပြီဆိုရင် မိမိရဲ့ Blog ကိုဖွင့်ပြိး ပုံရဲ့အနေအထား ကောင်းရဲ့လား၊ ပုံအရွယ်အစား အလားတော်ဖြစ်ရဲ့လား အစရှိသဖြင့် ပြန်လည်စစ်ဆေး ကြည့်ရူသင့်ပါတယ်။ စိတ်တိုင်းမကျဘူးဆိုရင် ရှေ့မှာပြောပြသလို Post ထဲမှာရှိတဲ့ စာသားတွေကို ပြန်လည် Edit လုပ်သလိုမျိုး ပုံတွေကိုလည်းပြန်လည် လုပ်နိုင်ကြပါသေးတယ်။
0 comments:
Post a Comment