Friday, January 16, 2015

မင်္ဂလာပါဆရာမ။


ခေါင်းပေါ်က ဆံကေသာ
ကျတ်သရေရှိအောင်ဆံတုံးထုံး
အဖြူရောင် ရင်ဖုံးနဲ့
ကျောက်စိမ်းရောင် ချိတ်ထဘီ
ဆွဲခြင်းကိုလက်မှာကိုင်
ကျောင်းသားတွေ စာတော်စေဖို့
စေတနာ အမြဲထားတဲ့ 

ငါတို့ရဲ့ဆရာမ
ကျောင်းမှာတင်မက 
လမ်းတွေ့လဲအမြဲပြုံးပြ
လမ်းမမှားအောင်ဆုံးမတဲ့
ကျောင်းသားတွေအပေါ်ဂရုဏာထားတဲ့
ငါတို့ရဲ့ဆရာမ
မြေဖြူမှုန့်တွေရဲ့ကြား
အသက်ကိုပင် ပဓာနမထား
ရောဂါရအသက်တိုမှာမကြောက်ဘဲ
ကျောင်းသားတွေဘဝ 
အနာဂတ်လှပရန် အတွက် 
အမြဲတမ်း အနစ်နာခံတဲ့ 
ငါတို့ရဲ့ဆရာမ။
အနန္တဂိုဏ်းဝင် ဆရာသခင်
အသက်ရှင်စဉ်အချိန်ကာလ
ရေလိုအေးကာ ပန်းလိုမွှေးပါစေ
အချိန်ကုန်လို့ အသက်ကုန်ဆုံးလျှင်လဲ
ကောင်းရာသုခတိလားပါစေ။
ကျောင်းတက်လို့ခေါင်းလောင်းထိုးပြီ
ကျောင်းသားတွေ
နှုတ်ဆက်သံကြားရဦးမည်
မင်္ဂလာပါဆရာမ။
Admin ……………လင်းလက်လွန်း
Ph No ……………0997208593

0 comments:

Post a Comment