Thursday, January 22, 2015

Sep5 (6)




Add Link List


မိမိ Blog ကို ၀င်ရောက်ဖတ်ရူသူတို့အားကောင်းနှိုးရာရာ Website လေးတွေ၊ ဦးတည်ချက်တူလို့ ညွှန်ပြချင်တဲ့ Blog တွေကို Link List အဖြစ်တန်းစီပြီး ထည့်ထားလို့ရပါတယ်။ Element သစ်တခုကို ထည့်သွင်းချင်တိုင်းမှာ “Add a page element” တွင် Click နှိပ်ကြရမယ်။


Pop-up window ထဲက Link List နေရာရှိ Add to blog တွင် Click နှိပ်လိုက်ပါ။ အောက်ဖော်ပြပါ “Configure Link List” Window ကိုမြင်ကြရမယ်။


ပြည့်စုံစွာ ဖြည့်စွက်ပြီးလျှင် Add Link တွင် Click တစ်ချက်နှိပ်ပါ။ ဒါဆိုရင် Link တစ်ခုစာရင်းဝင်သွားပါပြီ။ URL နှင့် Name တို့တွင် ဖြည့်စွက်ပြီးနောက် Link များထပ်ထည့်ပါ။



ထည့်သွင်းလိုတဲ့ Link အရေအတွက် ပြည့်ပြီဆိုရင် Save Changes တွင် Click နှိပ်ပါ။ Pop-up window ပျောက်သွားပါလိမ့်မယ်။


Pop-up window ပျောက်သွားပြီးမှုလ (Template Page element) တွင် Element အသစ်တစ်ခုထပ်တိုးလာပါမည်။


View Blog တွင် Click နှိပ်ကြည့်ပါက မိမိထည့်သွင်းခဲ့သော Link List ကို တွေ့ကြရပါမယ်။


ဒါဆိုရင် HTML Code တွေကို Copy ကူးပြိးသွားပြီ။ နောက်တဆင့် ဆက်ရန်အတွက် www.blogger.com ထဲ Login ၀င်ရောက်ပြီး Page Element သစ်တခုထည့်ရန် ပြင်ဆင်ကြရပါမယ်။ HTML Java Script နေရာရှိ Add to blog တွင် Click နှိပ်လိုက်ပါ။ Configure window ပွင့်လာပါမယ်။


Title တွင် နာရီနှင့် ပတ်သတ်၍ ပေးလိုသော အမည်ရိုက်ထည့်ပါ။ (ဥပမာ-မြန်မာစံတော်ချိန်) Content နေရာထဲတွင် ညာဘက် Click နှိပ်ပြီး Paste လုပ်လိုက်ပါ။


ဒါဆိုရင်
www.clocllink.com ကနေကူးလာတဲ့ HTML Code များ ဒီ Content ထဲမှာ ပေါ်လာပါမည်။


Save Changes တွင် Click နှိပ်ပါက စတင် Save လုပ်ပါလိမ့်မယ်။ ပြီးပြီဆိုရင် Page Element Added ဆိုပြီးပေါ်လာပါမည်။ View Blog တွင် Click နှိပ်ကြည့်ပါက Blog စာမျက်နှာတွင် နာရီကို မြင်ကြရပါမယ်။


Email ဖြင့် Post အသစ်များတင်ခြင်း
Blogger ကို ရွေးချယ်မှုအတွက် ကျေနပ်နှစ်သက်မှုကို ပေးစွမ်းနိုင်မည့် ထူးခြားသည့် အပိုင်းကတော့ Email ဖြင့် Post လှမ်းတင်နိုင်ခြင်းပင် ဖြစ်ပါတယ်။ သာမန် Email ပို့ရိုးပို့စဉ်အတိုင်း ပို့ရုံဖြင့် Blog ထဲမှာ Post တစ်ခုတင်ပြီးသား ဖြစ်ပါလိမ့်မယ်။ ဆိုရရင် Email ပို့တဲ့အခါရေးသည့် Subject သည် Post Title ဖြစ်လာမည်။ Email Message တွင်ပါ စာသားတို့သည် Post တွင်းပါစာသားများ ဖြစ်လာပါလိမ့်မယ်။ အဓိကကျတာက To နေရာမှာ ထည့်သွင်းပေးပို့ရမယ့် Email Address ပင်ဖြစ်ပါတယ်။

၎င်း Email လိပ်စာကိုရရှိဖို့ရန် Blogger မှာ Login ၀င်ရောက်ပြိး ဖန်တီး ယူရမယ်။ ပြီးရင် လျှို့ဝှက်ထားရမယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဘယ်သူပဲပို့ပို့ အဲဒီလျှို့ဝှက်လိပ်စာဆီပို့လိုက်ပြီဆိုတာနှင့် Blog ထဲမှ Post တစ်ခုအနေနှင့် တက်လာတော့မှာ ဖြစ်သည့်အတွက် ထိုလိပ်စာကို လုံးဝ လျှို့ဝှက်ထားရပါမယ်။ ပထမ အဆင့်အနေနှင့် လျှို့ဝှက်လိပ်စာ (Secret Email Address) ရရှိအောင်လုပ်ဆောင်ပုံ အဆင့်ဆင့်ကို ကြည့်ကြရအောင်။ ပြီးမှ Gmail ဖွင့်ပြီး ၄င်းလျှို့ဝှက် လိပ်စာထံသို့ Email တစ်စောင်ရေးပို့ပြီး Post လှမ်းတင်ပုံကို ဆက်လက် ပြောပြသွားပါမယ်။

1.
www.blogger.com ထဲသို့ Login ၀င်ရောက်ခဲ့ပြီးပြီဆိုရင် Setting tab အောက်တွင်ရှိသော Email ထဲသို့သွားလိုက်ရအောင်။ ဒီနေရာကို (Setting/Email) Page လို့ခေါ်လိုက်ကျရအောင်။

2. Blog Send Address နေရာတွင် မိမိရဲ့ Email လိပ်စာကိုထည့်သွင်းပေးလိုက်ပါ။ Mail-to-Blog Address နေ၇ာတွင် လျှို့ဝှက်လိပ်စာအတွက် မိမိအသုံးပြုလိုတဲ့ စာလုံးများကို ထည့်ပေးရပါမယ်။ လျှို့ဝှက် Email လိပ်စာသည် အောက်ဖော်ပြပါ ပုံစံအတိုင်းဖြစ်သည်။
------@blogger.com လိပ်စာမှ -----ပြထားသော နေရာများသည် ကိုယ်ထည့်ရမည့် အပိုင်းပင် ဖြစ်ပါတယ်။ ရှေ့ကဆိုခဲ့သလိုပင် လျှို့ဝှက်လိပ်စာဖြစ်ရမှာ ဖြစ်သည့်အတွက် အခြားသူများခန့် မှန်းလို့ မရနိုင်စေမည့် စာလုံးများသာ ဖြစ်သင့်ပါတယ်။ အနည်းဆုံး ၄-လုံးဖြည့်သွင်း ကြရပါမယ်။ ဥပမာ-ပုံအရ လျှို့ဝှက်စာသည် username@blogger.com ဖြစ်လာပါမည်။

3. Save Setting တွင် Click တစ်ချက်နှိပ်လိုက်ပါ။ Secretemail Adddress တစ်ခုတည်ဆောက်ခြင်း ပြီးဆုံးသွားပါပြီ။

ဒါဆိုရင် ဒုတိယအဆင့်ဖြစ်တဲ့ Email မှတဆင့် Post လှမ်းရေးဖို့ရန် အဆင်သင့် ဖြစ်ပါပြီ။ Email ဖွင့်ပြီး Post တစ်ခုလောက်ရေးတင်ပုံကို ကြည့်လိုက်ရအောင်……..

1. To နေရာတွင် လျှို့ဝှက်လိပ်စာကို ထည့်သွင်းပါ။
2. Subject နေရာတွင် ရေးခဲ့သော စာသားများသည် Post title ဖြစ်လာလိမ့်မည်။
3. Email Message ၏ Body ထဲတွင် ရေးသားသော စာများသည် Post တွင်ပါ စာသားများ ဖြစ်လာပါလိမ့်မယ်။ ရေးလိုသမျှ ရေးပြီးပြီဆိုရင် နောက်မှ စာနောက်ဆုံးမှာ #end ဆိုတာလေးကိုထည့်ပေးလိုက်ပါ။ ဒီနေရာအထိပဲဆိုတဲ့ သဘောဖြစ်ပါတယ်။ အချို့ Email Program တွေမှာ ကိုယ်ရေးတာအပြင် “No Virus Found” ဆိုတဲ့ စာသားတွေ၊ ကြော်ငြာတွေအလိုလိုပါသွား တတ်ပါတယ်။ အဲ့ဒါတွေမပါအောင် #end ကိုထည့်ရခြင်း ဖြစ်ပါတယ်။

စိတ်တိုင်းကျပြီဆိုလျှင် Send တွင် Click နှိပ်ပြီးပို့လိုက်ပါ။ ခဏအကြာ Blog ထဲမှာ Post သစ်တခုတိုးလာပါလိမ့်မယ်။


Blog ရေးနည်း

Blog တို့သည် Website များကဲ့သို့ပင် ဖြစ်ပါသည်။ ဆိုရရင် Website များမှာကဲ့သို့ Blog တစ်ခုမှာလည်း အခြားမည်သည့် Blog တို့နှင့် မတူနိုင်တဲ့ ကိုယ်ပိုင်လိပ်စာ ( URL) တစ်ခုစီရှိကြပါတယ်။ Page တစ်ခုကနေ အခြား Page တစ်ခုကို ကူးပြောင်းကြည့်ရူနိုင်တဲ့ Hyperlink တွေပါရှိကြတယ်။ ဒါက အခြေခံ အကျဆုံး တူညီချက်တွေကို ပြောတာပါ။ သဘောတရားအားဖြင့် အနည်းငယ်ကွဲလွဲမှုလေးတွေတော့ ရှိပါတယ်။

အဓိကအားဖြင့် Website တို့တွင် ရေးသားဖော်ပြထားသော အကြောင်းအရာတို့နှင့် ပတ်သက်ပြီး ၀င်ရောက်ဖတ်ရူ့သူများအနေနှင့် ပါဝင်ဆွေးနွေးခွင့်မရှိပါဘူး။ ၀င်ရောက်ဖတ်ရူနိုင်ရုံသက်သက် ဖြစ်ပါတယ်။ သို့သော် Blog တွင် ပါဝင်ရေးသားချက်များပေါ်မှာ စိတ်ဝင်စားရင် ဖတ်ရူသူတို့ ကိုယ်တိုင် ဝေဖန်ဆွေးနွေး Comment ၀င်ရေးလို့ ရနိုင်ပါတယ်။ သိလိုသမျှကိုလည်း မေးမြန်းနိုင်ကြပါတယ်။


C-Box

C-Box ဆိုတာက Blog Page အတော်များများမှာ တွေ့ရလေ့ရှိတဲ့ စကားပြောခန်း (Chat room) လေးများပဲ ဖြစ်ပါတယ်။ အဲဒီ C-Box ထဲမှာ Post တွင်းပါ အကြောင်းအရာတို့နှင့် ပတ်သက်ပြီး လွယ်လွယ်ကူကူ ဆွေးနွေးမေးမြန်းနိုင်ကြသလို Blog ကိုလာရောက်လည်ပတ်သူတွေ အချင်းချင်းလည်း နှစ်သက်ရာ အကြောင်းအရာကို ခေါင်းစဉ်တင် ဆွေးနွေးနိုင်ကြသည်။

သဘောက Blog ပိုင်ရှင်နှင့် ၀င်ရောက်ဖတ်ရူသူတို့အလွယ်တကူ ထိတွေ့ ဆက်ဆံနိုင်တဲ့ နေရာလေးပင် ဖြစ်ပါတယ်။ မိမိရဲ့ Blog မှာလည်း C-Box ထားချင်ရင် အခကြေးငွေကုန်ကျမှုမရှိဘဲ ထည့်သွင်းထားနိုင်ပါတယ်။

Blog ထဲမှာ C-box ထည့်ခြင်းကို အောက်ဖော်ပြပါအတိုင်း ၃ပိုင်းခွဲ၍ ဖော်ပြသွားပါမယ်။
1) Create an C-Box Account
2) Configuring C-Box
3) Add to Blog


Create an C-Box Account

C-Box ထံမှ Account တစ်ခု၇ရှိရန် ထုံးစံအတိုင်း ပထမဦးစွာ Registration လုပ်ရမယ်။ ပြီးရင် Email မှတဆင့် Activative လုပ်ကြရပါမယ်။

1.
www.Cbox.ws သို့သွားပါ။ ရောက်ပြီဆိုရင် Account သစ်တစ်ခုစဆောက်ရန် Signup တွင် Click နှိပ်လိုက်ပါ။

2. Username၊ Password အပါအ၀င် Email Address တို့ကိုဖြည့်ပြီး Register လုပ်ရပါမယ်။ ပြည့်စုံစွာ ဖြည့်စွက်ပြီးလျှင် Finish တွင် Click တစ်ချက်နှိပ်လိုက်ပါ။ ဒါဆိုရင် Registration လုပ်ခြင်း ပြီးဆုံးသွားပြိး မိမိထည့်သွင်းပေးခဲ့သော Email လိပ်စာတွင်းသို့ C-Box မှ Mail တစ်စောင်ပို့ထားပါလိမ့်မယ်။

3. C-Box တွင် Register လုပ်စဉ်အခါတုန်းက ပေးခဲ့သော Email အတွင်းသို့ Login ၀င်လိုက်ပါက C-Box မှပို့ထားသော Message အားတွေ့ရပါမယ်။ ၄င်း Mail Message အားဖွင့်ဖတ်လိုက်ပါ။

4. ပွင့်လာသော Mail Message ထဲတွင်
www.cbox.ws သို့ဝင်ရောက်တဲ့အခါ အသုံးပြုနိုင်မည့် Username နှင့် Password တို့ကို တွေ့ရပါမယ်။ လိုအပ်ပါက ကူးယူမှတ်ထားလိုက်ပါ။ ထို့နောက် အပြာ ရောင် Activation Link ပေါ်တွင် Click တစ်ချက်နှိပ်လိုက်ပါ။ သီးခြား Window တစ်ခုပွင့်လာပြီး www.cbox.ws သို့ ပြန်ရောက်သွားပါမယ်။

5. Activation လုပ်ရန်အတွက် Username နှင့် Password ကိုဖြည့်ပြီး Login ၀င်ရပါမယ်။ (Username က ဖြည့်ပြီးသားဖြစ်ပါလိမ့်မယ်)။ Password ဖြည့်ပြီး Login တွင် click နှိပ်လိုက်ပါ။ ဒါဆိုရင်
www.cbox.ws သို့ Login ၀င်ရောက်သွားပြီး Activaiton လုပ်ခြင်းပြီးဆုံးပြီဖြစ်ပါတယ်။


Configuring you C-Box

C-box တွင် Login ၀င်ရောက်ခဲ့ပြီးပြီဆိုရင် လိုအပ်သလို Setting အချို့ကို ပြင်ဆင်နိုင်ကြပါပြီ။ အထူးသဖြင့် C-Box အရွယ်အစား၊ စာလုံးအရောင် အစရှိသဖြင့်ပေါ့။ စိတ်တိုင်းကျပြီဆိုမှ နာရီတွေ၊ ပြက္ခဒိန်တွေထည်သလိုပင် HTML Code များအား Copy ကူးယူပြီး မိမိ Blog ထဲသွားထည့်ကြရပါမယ်။

1. C-Box အတွင်းဝင်ရောက်ပြိးပြီဆိုလျှင် မိမိရောက်ရှိနေသော နေရာသည် Admin အောက်မှာ My Account ဆိုတဲ့ နေရာဖြစ်ပါတယ်။ (Page ၏ ဘယ်ဘက် Quick Setup၊ Option အစရှိသည်တို့ထဲမှ My Account သည် High Light ဖြစ်နေပါမည်)။ C-Box Options တွင် Click နှိပ်လိုက်ပါ။

2. Options ထဲတွင် C-Box ရဲ့ အရွယ်အစားကို လိုသလို မြင်နိုင်ပါတယ်။ မှုလ အရွယ်အစားက 160*380 px ဖြစ်ပါတယ်။

3. အကယ်၍များ 200*400 px လို့များ ပြောင်းလိုက်ရင် C-Box သည် ဘေးဘက်ပိုကျယ်လာမယ်။ အပေါ်အောက် ရှည်လာမယ်ပေါ့။ တစ်ခုခုပြင်ခဲ့တယ်ဆိုရင် အရေးကြီးတာက Save တွင် Click နှိပ်ရပါမယ်။

မှတ်ချက်။ ။ စာလုံးအရောင်အရွယ်အစားတွေကို ပြောင်းလိုလျှင် Colours & Fonts တွင် Click နှိပ်သွားရောက်ပြီး လိုသလိုပြင်ဆင်နိုင်ပါတယ်။ နောက်တခါ Smiles ထဲမှာဆိုရင် Keyboard ကနေဘယ်သေင်္ကတတွေတွဲရိုက်ပါက C-Box ထဲမှာ ဘယ်လိုပုံ (Gesture) လေးတွေပေါ်မယ်ဆိုတာ မျိုးသွားရောက်လေ့လာ ထားနိုင်ကြပါတယ်။

C-Box အတွင်းရေးသားထားသော Message များအား ဖျက်ထုတ်ခြင်း၊ ဘယ်သူတွေကိုတော့ ၀င်ရောက် ရေးသားခွင့် မပြုဆိုတာမျိုးတွေ ကန့်သတ်လိုပါက Message Blocked user တို့ထဲမှာ လုပ်ဆောင် နိုင်ကြပါတယ်။ ယခုအဆင့်တင် မလိုအပ်သေးပါ။

4. စိတ်တိုင်းကျပြင်ဆင်ခဲ့ပြီးပြီဆိုရင် မိမိ Blog တွင် ထည့်သွင်းရန်အတွက် HTML Code များကို Copy ကူးယူရပါမယ်။ Quick setup တွင် Click နှိပ်လိုက်ပါ။ မိမိရဲ့ C-Box အတွက် HTML Code များမြင်ကြရ ပါမယ်။

5. “Copy to Clipboard” တွင် Click နှိပ်လိုက်ပါက ၄င်း Code များအားလုံးကို Copy ကူးယူပြီးသွားပါပြိ။ တစ်နေရာတွင် Paste (Ctrl+v) လုပ်နိုင်ပြီဖြစ်ကြောင်း ဖော်ပြသော Message ပါသည့် Box ကျလာပါမည်။ OK တွင် နှိပ်ပြိး ပိတ်လိုက်ပါ။


Add to Blog

C-Box အတွက် HTML Code တွေ Copy ကူးခဲ့ပြိးလျှင် ရှေ့က နာရီ၊ ပြက္ခဒိန်တို့ ထည့်သလိုပင် Blog Page Element တစ်ခုအဖြစ် Paste လုပ်ပြီးထည့်ကြရုံ ဖြစ်ပါတယ်။

HTML Java Script နေရာရှိ Add to Blog တွင် Click နှိပ်လိုက်ပါ။ Configure Window ပွင့်လာပါမည်။ Title နေရာတွင် ပေးလိုသော အမည်ထည့်ပါ။ ဥပမာ-မှာချင်တာလေးတွေရှိရင်မှာခဲ့ပါ။

Content ထဲတွင် Cursor ချပြီး (Ctrl+V) တွဲနှိပ်ပါ (သို့) Content နေရာထဲတွင် ညာဘက် Click နှိပ်ပြီး Paste လုပ်လိုက်ပါ။ ကူးလာတဲ့ HTML Code များ ဒီနေရာတွင် ပေါ်လာမည်။

Save Changes တွင် Click နှိပ်ပြီး Save လုပ်လိုက်ပါ။ View Blog တွင် Click နှိပ်ကြည့်ပါက Blog စာမျက်နှာတွင် C-Box ကို မြင်ကြရပါမယ်။ ဒါဆိုရင် Blog တွင်းသို့ (C-Box) လို့ခေါ်တဲ့ စကားပြောခန်း (Chat Room) လေးတစ်ခု ထည့်သွင်းပြီးသွားပါပြီ။



0 comments:

Post a Comment